ပြသာနာများ

လူကုန်ကူးမှုသည် လူအခွင့်အရေးကို ပြင်းထန်ဆိုးရွားစွာ ဖောက်ဖျက်ခြင်းများထဲမှ တစ်ခုအပါအဝင်ဖြစ်ပါသည်။ နေ့ရက်တိုင်းတွင် လူပေါင်း သန်း(၄၀)ကျော်သည် အဓမ္မစေခိုင်းခံအလုပ်သမားများ၊ အတင်းအကျပ်လက်ထပ်စေခြင်းများနှင့် လိင်လုပ်ငန်းများတွင် အတင်းအကျပ်စေခိုင်းခံနေရသော သားကောင်များဖြစ်နေလျက်ရှိပါသည်။ လူဦးရေ တစ်ဆယ့်ငါးသန်းသည်လည်း အတင်းအကျပ် ကလေးရယူစေရန် (သို့မဟုတ်) အဓမ္မ ကျွန်ပြုခိုင်းစေရန်အတွက် မိမိသဘောတူညီသောဆန္ဒမပါပဲ အတင်းအကျပ် လက်ထပ်စေမှုများဖြင့် နေထိုင်ရလျက်ရှိသည်။ ကမ္ဘာတစ်ဝှမ်းရှိ လူသားကျွန်ပြုမှုများတွင် အမျိုးသမီးများနှင့်ကလေးငယ်များသည် ခေါင်းပုံဖြတ်အသုံးချခြင်း အများဆုံးခံရသူများဖြစ်ကြသည်။ အတင်းအကျပ်လိင်ခေါင်းပုံဖြတ်ခြင်းများ၏ ၉၉%သောသားကောင်များသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ဖြစ်ကြသည်။ 

တောက်လျှောက်ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများနှင့် အထူးသဖြင့် ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းမလုံလောက်မှု စသည်တို့သည် မြန်မာနိုင်ငံတွင် လူကုန်ကူးမှုဖြစ်ပွားခြင်းများကိုဖြစ်စေသော အကြောင်းအရင်းများ ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင်ရှိသော လူဦးရေ (၅၂)သန်း၏ သုံးပုံတစ်ပုံနီးပါးသည် ဆင်းရဲစွာနေထိုင်နေရလျက်ရှိပါသည်။

လူကုန်ကူးမှုသည် လွတ်မြောက်လာသူများ၏ စိတ်ကျန်းမာရေးပေါ်တွင် ဆိုးရွားစွာနှင့် ကြာရှည်စွာ အကျိုးသက်ရောက်လျက်ရှိရာ ကုစားမှုများမရှိပါက ၈၀%သည် ပြန်လည်လူကုန်ကူးခံရနိုင်ခြေရှိပါသည်။ လူကုန်ကူးခံရမှုမှ လွတ်မြောက်လာသူများသည် အခြားရာဇဝတ်မှုများမှလွတ်မြောက်ခဲ့သူများနှင့် နှိုင်းယှဉ်လျှင် ပိုမိုရှုပ်ထွေးသော စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ကုစားမှုမျိုးလိုအပ်ပါသည်။