top of page

လုံခြုံစိတ်ချရသောခိုလှုံရာနေရာ

Eden ၏ အစီအစဉ်များတွင် လာရောက်အကူအညီရယူသူအားလုံးအတွက် Eden ၏ လုံခြုံစိတ်ချရသောခိုလှုံရာနေရာများထဲမှ တစ်ခုတွင်နေထိုင်နိုင်ရန် စီစဉ်ပေးထားပါသည်။ လုံခြုံစိတ်ချရသောခိုလှုံရာနေရာများအားလုံးတွင် အခြေခံလိုအပ်ချက်များအားလုံး အဆင်ပြေလွယ်ကူစွာရရှိနိုင်ရန် စီစဉ်ထားပြီး ၂၄နာရီပတ်လုံးအသင့်ရှိသော အထူးကျွမ်းကျင်အောင် သင်တန်းပေးထားသည့် အဖွဲ့ဝင်များဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ခိုလှုံရာနေရာတိုင်းသည် အခမဲ့ဖြစ်ပြီး အလုံးစုံ ပြည့်စုံစွာနေထိုင်နိုင်စေရန် ပြုလုပ်ပေးထားသည်။ Eden သည် ခိုလှုံရာနေရာမှ သင်တန်းပေးသောနေရာများသို့ နေ့စဉ်အကြိုအပို့ပြုလုပ်ပေးသောယာဉ်များကိုလည်း စီစဉ်ပေးထားပါသည်။

dotted line.png
dotted line.png

ရန်ကုန်မြို့ရှိ လုံခြုံစိတ်ချရသောခိုလှုံရာနေရာ

ရန်ကုန်မြို့သည် လူဦးရေ(၆)သန်းကျော် နေထိုင်သော မြို့ကြီးဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် စီးပွားရေးအဆင်မပြေမှုများကြောင့် အလုပ်အကိုင်များရှာဖွေလုပ်ကိုင်ရန် ရန်ကုန်မြို့သို့ပြောင်းရွှေ့နေထိုင်ကြသည့်အတွက် ရန်ကုန်သည် လူကုန်ကူးမှုများပြုလုပ်ရာ ပင်မနေရာထဲမှတစ်ခု ဖြစ်လာသည်။ ရန်ကုန်မြို့တွင် လူကုန်ကူးမှုများပြုလုပ်သည့်နေရာ အနည်းဆုံး (၄)နေရာခန့်ရှိပြီး လူကုန်ကူးမှုကျူးလွန်သူများသည် ဘတ်စ်ကားဂိတ်ကဲ့သို့နေရာများတွင် ထိုအမျိုးသမီးငယ်များအား စောင့်ကြည့်ပြီး အလုပ်ကမ်းလှမ်းသည့်ပုံစံမျိုး ပြုလုပ်လေ့ရှိသည်။ Edenအနေဖြင့် ရန်ကုန်မြို့တွင် လုံခြုံစိတ်ချရသောခိုလှုံရာနေရာ (၂)နေရာရှိပြီး လာရောက်အကူအညီရယူသူ အယောက်(၃၀)ခန့် နေထိုင်နိုင်ရန်ပြုလုပ်ပေးထားသည်။

Roof Top with Soren-22.jpg
dotted line.png
dotted line.png

လားရှိုးမြို့ရှိ လုံခြုံစိတ်ချရသောခိုလှုံရာနေရာ

56603231_1314452435380268_86491257954589

လားရှိုးမြို့သည် တရုတ်နိုင်ငံနယ်စပ်နှင့်နီးကပ်လျက်ရှိပြီး မယားအဖြစ်လူကုန်ကူးမှုများ အဓိကပြုလုပ်ရာနေရာ ဖြစ်လာသည်။ Edenသည် လားရှိုးမြို့တွင်လည်း ဘက်ပေါင်းစုံပါဝင်သော အစီအစဉ်အနေဖြင့် အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့်  ဆွေးနွေးတိုင်ပင်မှုများပါဝင်သော လုံခြုံစိတ်ချရသောခိုလှုံရာနေရာတစ်ခုကို စီမံလုပ်ကိုင်ပေးလျက်ရှိသည်။ လားရှိုးမြို့ရှိ လုံခြုံစိတ်ချရသောခိုလှုံရာနေရာသည် လာရောက်အကူအညီရယူသူ အယောက်(၂၀)ခန့် နေထိုင်နိုင်ရန်ပြုလုပ်ပေးထားသည်။

dotted line.png
dotted line.png

တာချီလိတ်မြို့ရှိ လုံခြုံစိတ်ချရသောခိုလှုံရာနေရာ

တာချီလိတ်သည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်တွင်ရှိသော  အသွားအလာအလွန်များသည့် နေရာတွင်တည်ရှိပြီး ပြစ်မှုကျူးလွန်သည့်အဖွဲ့များ လူကုန်ကူးရာတွင် အပြောင်းအလွှဲများပြုလုပ်သည့်နေရာလည်းဖြစ်သည်။ တာချီလိတ်တွင် ခိုလှုံရာနေရာများ၊ လူကုန်ကူးခံရသူများအတွက်ဝန်ဆောင်မှုများနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ အရေးပေါ်လိုအပ်လျက်ရှိသည်။ Eden အနေဖြင့် လာရောက်အကူအညီရယူသူ အယောက်(၂၀)ခန့်နေထိုင်နိုင်သော လုံခြုံစိတ်ချရသောခိုလှုံရာနေရာတစ်ခုကို ၂၀၂၀ခုနှစ်တွင် တာချီလိတ်မြို့၌ တည်ဆောက်ပေးသွားမည်ဖြစ်ပြီး စိတ်ဒဏ်ရာများပြန်လည်ကုစားပေးသည့် အစီအစဉ်ကိုပါ ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

tachileik-border-of-myanmar-thai-eastern
bottom of page